Skip to content

T&C

AD-Warehouse ဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံအနှံ့နှင့် ပြည်ပရှိ မြန်မာနိုင်ငံသားများကို ဦးစားပေးအနေဖြင့် ဝန်ဆောင်မှုပေးရန် ရည်ရွယ်သည်။

AD-Warehouse ဝက်ဘ်ဆိုက်၏ အသုံးပြုမှုဆိုင်ရာသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ပစ္စည်းဝယ်ယူသည့်ဝယ်ယူသူ လူတစ်ဦးချင်းစီအား ဝယ်ယူထားသည့်ကုန်ပစ္စည်းများကို သတ်မှတ်ရက်အတိုင်း ပေးပို့သွားမည်ဖြစ်သည်။

AD-Warehouse ဝက်ဘ်ဆိုက်တွင်ရောင်းချသော စျေးဆိုင်များအားလုံးသည် နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသည့် လုပ်ငန်းလိုင်စင်များနှင့် အခွန်အခဆိုင်ရာများ ပေးဆောင်လျက်ရှိသော ဆိုင်များအာလုံးဖြစ်သည်။

အသုံးပြုသူအနေဖြင့် AD-Warehouse ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွင်း ပြုလုပ်ထားသောမည်သည့်စကားဝှက်ကိုမဆို လျှို့ဝှက်ထားရန်လိုအပ်ပြီး၊ အခြားမည်သူ့ကိုမျှ မဖော်ပြရန်လိုအပ်သည်။ သင်၏အကောင့်မှပြုလုပ်သောလုပ်ဆောင်မှုများအားလုံးသည် သင့်တွင် တာဝန်အပြည့်အ၀ရှိပါသည်။

AD-Warehouse ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ကုန်ပစ္စည်းများ၏စျေးနှုန်းများသည် ကုန်ပစ္စည်းအတွက် ကျသင့်ငွေသာဖြစ်သည်။ AD-Warehouse ဝက်ဘ်ဆိုက်တွင် အဆင့်ဆင့်မှာယူသည့်လုပ်ငန်းစဉ်အပြီး ကျသင့်ငွေတွင်သာ ပို့ဆောင်ခပါဝင်မည်ဖြစ်ပါသည်။

AD-Warehouse ဝက်ဘ်ဆိုက်၏ အမှာစာအတည်ပြုသည့် စာတို (သို့မဟုတ်) ဖုန်းခေါ်ဆိုမှုစသည်တို့ဖြင့် အတည်ပြုပြီးမှသာ မှာယူမှုလုပ်ငန်းစဉ်သည် အတည်ဖြစ်ပါသည်။

AD-Warehouse ဝက်ဘ်ဆိုက်သည် မှာယူသူ၏ အမှာစာကို အတည်ပြုနေသည့်လုပ်ငန်းစဉ်အတွင်း အခြေအနေပေါ်မူတည်ပြီး ငြင်းပယ်ခွင့်ရှိသည်။

ဤဝက်ဘ်ဆိုက်ပါအကြောင်းအရာများသည် "AD-Warehouse" ၏ ပိုင်ဆိုင်မှုဖြစ်သည်။ သို့ဖြစ်ပါသဖြင့် "AD-Warehouse" ၏ ခွင့်ပြုချက်မရဘဲ ဝက်ဘ်ဆိုက်တွင်ပါဝင်သော မည်သည့်အချက်အလက်ကိုမဆို ကူးယူခြင်းမပြုရ။

"AD-Warehouse" ၏ ဝက်ဘ်ဆိုက်တွင် အသုံးပြုသူအကောင့်များသည် သတ်မှတ်ထားသော စည်းကမ်းချက်များချိုးဖောက်ခြင်း (သို့မဟုတ်) သံသယဖြစ်ဖွယ် တရားမဝင်လုပ်ဆောင်မှုများရှိခြင်း စသည့်အချက်များကို တွေ့ရှိပါက "AD-Warehouse" မှ အဆိုပါအကောင့်များအား ချက်ချင်းဖျက်သိမ်းရန် (သို့) ဆိုင်းငံ့ရန် အခွင့်အရေးရှိသည်။

အထက်ပါစည်းကမ်းချက်များကို မရှင်းလင်းပါက "AD-Warehouse" ဝန်ဆောင်မှုဌာနကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။